Mouse

Thursday, November 10, 2011

ကလေးငယ် ဆယ်ဦးကျော်အား ရောင်းစား ခဲ့သော နိုင်ငံခြားသားကို အရေးယူ

7Day News Journal
ကလေးငယ် ဆယ်ဦးကျော်အား ရောင်းစား ခဲ့သော နိုင်ငံခြားသားကို အရေးယူ
မြန်မာနိုင်ငံ အခြေစိုက် ကလေးသူငယ် စောင့်ရှောက်ရေး လူမှုရေး အဖွဲ့အစည်း တစ်ခုမှ နိုင်ငံခြားသား ဝန်ထမ်း တစ်ဦးက ရှမ်းပြည်နယ်မှ ကလေးငယ် ၁၆ဦး ခန့်အား တစ်ဖက်နိုင်ငံသို့ ရောင်းစားခဲ့သော လူကုန်ကူးမှုအား အရေးယူ နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက 7 Day News သို့ပြောကြားသည်။
၂၀ဝ၉ ခုနှစ် အတွင်းက မြန်မာနိုင်ငံ အခြေစိုက် Save the Children NGO အဖွဲ့မှ နိုင်ငံခြားသားဝန်ထမ်း တစ်ဦးသည် ၄င်း တို့အင်န်ဂျီအို အဖွဲ့ တာဝန်ကျသည့် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နှင့် အနီးတစ်ဝိုက်မှ လူငယ်၁၆ဦး ခန့်အား မူဆယ်မြို့မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ရောင်းချခဲ့ခြင်းဖြစ်ပြီး လူငယ် အများစုမှာ အသက်၁၈ နှစ်အောက်များသာ ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုကြောင့် ယင်းပြစ်မှုမှ တရားခံ ဩစတြေးလျ နိုင်ငံသား ဝန်ထမ်းအား လူကုန်ကူးမှု ဥပဒေပုဒ်မ (၂)ခုဖြင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး ၄င်း၏နိုင်ငံသို့ ၂၀၁၀ ပြည့်နှစ် အတွင်းက လွှဲ ပြောင်းပေးအပ်လိုက်ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးအဖွဲ့မှ ရဲမှူးကြီးညွှန့်လှိုင်က ပြောသည်။
နေလင်းအောင်

0 Tongkum :

Post a Comment