ကမ္ဘာကျော် ပေါ့ပ်အဆိုတော် လေဒီဂါဂါက Born This Way Foundation လို့ခေါ်တဲ့ လူမှုအကျိုးဆောင် အဖွဲ့အစည်းတခုကို စတင်ထူထောင်လိုက်ပြီလို့ သိရပါတယ်။ အဖွဲ့အစည်းရဲ့ နာမည်ကို Born This Way (ဒီအတိုင်းပဲမွေးခဲ့ပါတယ်) လို့ သဘောရတဲ့ သူမရဲ့ အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းတပုဒ်ကို မှီပြီးမှည့်ခေါ်ထားတာဖြစ်ပါတယ်။
ဒီအဖွဲ့အစည်းရဲ့ အဓိကရည်မှန်းချက်ကတော့ လူငယ်လူရွယ်တွေကြား မတူကွဲပြားမှုတွေကိုအခြေခံပြီး အပြန်အလှန် အနိုင်ကျင့်ခံကြရတဲ့ အဖြစ်အပျက်တွေ ပပျောက်သွားအောင် လုပ်ဆောင်သွားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
လိင်တူလိင်ကွဲနှစ်မျိုးစလုံးကို စိတ်ဝင်စားသူဖြစ်တဲ့ ဂါဂါက ဒီအဖွဲ့အစည်းကို သူ့အမေနဲ့အတူတကွ ထူထောင်လိုက်တာဖြစ်ပြီး Cynthia Germanotta, John D & Catherine T MacArthur Foundation, the California Endowment and the Berkman Centre for Internet & Society at Harvard University အစရှိတဲ့ အဖွဲ့အစည်းတွေကလည်း အတူတကွ လက်တွဲပါဝင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလိုမျိုး ဒီအဖွဲ့အစည်းကို ထူထောင်ဖို့ဖြစ်လာရတဲ့ အဓိကအကြောင်းအရင်းကတော့ လိင်တူချင်းချစ်သူ ဖြစ်တဲ့အတွက်ကြောင့် သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျတာကို မခံနိုင်တော့လို့ မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ လူငယ်လေး ဂျေမီကြောင့်လို့ဆိုပါတယ်။ ဂျေမီဟာ သူ့ကိုယ်သူ အဆုံးမစီရင်ခင်မှာ “ငါ ငိုကြွေးရင်းနဲ့ ကောင်းကင်တံခါးဝနားကို ရောက်သွားတဲ့အခါ ငါ့ကို မမေ့ပါနဲ့” ဆိုတဲ့ ဂါဂါရဲ့ တေးစာသားလေးကို သူ့ရဲ့ facebook စာမျက်နှာမှာ ရေးသွားခဲ့တယ်လို့ ဆိုပါတယ်။
Source; http://www.pinknews.co.uk
0 Tongkum :
Post a Comment