ခမရ (၃၂၁) လက်အောက်ခံ မို့ဘွမ်ရှေ့တန်းစခန်းမှ မတရားဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရတဲ့ ကချင်တိုင်းရင်းသူ ကလေးမိခင် ဒေါ်ဆွမ်လွတ်ရွယ်ဂျာရဲ့ နောက်ဆုံး သတင်းအခြေအနေ... | for everyone |
အဖွားဖြစ်သူမှာလည်း နေမကောင်းသည့်ကြားက စပါးကို သူမတဦးတည်း ရိတ်နေရသဖြင့် မြေးလေးကို သေချာဂရုမစိုက်နိုင် ဖြစ်နေပါသည်။
ဒီမိုဝေယံ သတင်းဌါန
ဖမ်းဆီးထိန်းချုပ်ခံထားတဲ့ ဒေါ်ဆွမ်လွတ်ရွယ်ဂျာနဲ့ ပတ်သက်ပြီး သတင်း ထည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒေါ်ဆွမ်လွတ်ရွယ်ဂျာကို ဖမ်းဆီးထိန်းသိမ်းထားတာ ဒီနေ့ နိုဝင်ဘာလ (၆)ရက်နေ့ထိ ဆိုရင် ဆယ်ရက်တိတိ ရှိပါပြီ။ ကျမတို့က ဒေသခံ အမျိုးသမီးတွေပါ။ သူမကိစ္စနဲ့ ပတ်သက်ပြီးစုံစမ်း၊ စောင့်ကြည့် လေ့လာနေသူတွေပါ၊ သူမရဲ့ အရိပ်အယောင်ကို နိုဝင်ဘာလ (၁)ရက်နေ့က စပြီးမတွေ့ ရတော့ပါဘူး။ အောက်တိုဘာလ (၃၁)ရက်နေ့ နောက်ဆုံးသူမကို စခန်းဝင်းတွင်းမှာ အဝေးကနေ တွေ့ခဲ့ရတာပါ။
ခမရ ၃၂၁ တပ်ရင်းရှေ့တန်း စခန်းဖြစ်တဲ့ မို့ဘွမ်တောင်စခန်း
ထိုနေ့က သူမအပြင်မှာ ရပ်ပြီးသူမရဲ့ ရွာရှိတဲ့ဘက်မှာ မျှော်ကြည့်နေစဉ် စစ်သားလေးယောက် လာဆွဲခေါ်သွားပြီးသူမကို လှိုဏ်ခေါင်းထဲ ဆွဲခေါ်သွားတာကို နောက်ဆုံးကျမတို့ မျက်စိနဲ့ တပ်အပ်တွေ့မြင် ခဲ့တာပါ။ အခုဆိုရင် သူမသမီးလေးက နေမကောင်း ဖြစ်နေပါတယ်။ သမီးလေးက အမေကို တမ်းတမ်းတတ ခေါ်ရင်း ငိုလေ့ရှိတယ်ဆိုပြီး သူ့ကိုစောင့်ရှောက်နေတဲ့ အဖိုးနဲ့ အဖွားက ပြောပါတယ်။ စောင့်ရှောက်နေတဲ့ အဖိုးနဲ့အဖွားကလဲ အသက်ကလည်း ကြီးနေပြီ။ နေလည်း သိပ်မကောင်းကြပါ၊ ဆွမ်လွတ်ရွယ်ဂျာရဲ့ ခင်ပွန်းဖြစ်သူမှာသူမစိတ်နဲ့ ထမင်းလည်းမစားနိုင် တမိုင်မိုင်တငိုင်ငိုင်ဖြစ်ကာ စကားပြောရင် မတည်မငြိမ် တောင်ပြော၊ မြောက်ပြောဖြစ်နေပြီး သူနဲ့စကားပြောဆို အခက်အခဲဖြစ်ရသည် အထိဖြစ်နေပါသည်။
အဖမ်းခံခဲ့ရာမှ ထွက်ပြေးလွတ်မြောက်လာသူအဖိုးဦးမရူဇေဒေါင်မှာလဲ ထွက်ပြေးစဉ်က ဒူးခိဍ္ဎ�Ā်ᇙ�����2a ����� လမᘉဨ뀙လျှောက်နိုင် � �0����စ�������0�ဖြင္နး,��ӱ����Ȉ�်ဝg��ဨ������ ေA��刡���ာဂရုမစိုက်နိုင် ဖြစ်နေပါသည်။
အားလုံးကို တောင်းဆိုချင်တာတော့ တတ်နိုင်တဲ့ဘက်ကနေ သူမအမြန်ဆုံး လွတ်လာနိုင်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးပေးကြဖို့ တောင်းဆိုချင်တယ်။ သူမအသက်ရှင်လျှက် ရှိနေပါစေလို့ ဆုတောင်းပါတယ်။ ယခုနှစ် အစိုးရစစ်တပ်က ကေအိုင်အေအပေါ် ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာ ယခုလို ဒေသခံအမျိုးသမီးများနှင့် ပြည်သူတွေရဲ့ ဘ၀ဟာ လုံခြုံမှုမရှိ။ မတရား ဖမ်းဆီးနှိပ်စက်ခြင်း၊ ပေါ်တာဆွဲပြီး ရက်ရက်စက်စက် လူမဆန်စွာ နှိပ်စက်ခံရခြင်း၊ အမျိုးသမီးများ အဓမ္မပြုကျင့်ခံရခြင်း၊ တချို့အမျိုးသမီးတွေဆိုရင် ယခုထက်ထိ အလောင်းတောင်မတွေ့ ဖြစ်နေတဲ့ အဖြစ်တွေ ရှိနေပါတယ်။ (မန်စီမြို့ နယ်၊ ရွာသစ်ကြီး ကုန်းစခန်းမှာ ဖြစ်တဲ့ကိစ္စ)။
ဆွမ်လွတ်ရွယ်ဂျာတို့ (၃)ယောက်အား ဖမ်းဆီးသွားခဲ့သည့် ယာတဲ။ ထမင်းပန်းကန်များတောင် မသိမ်းနိုင်ခဲ့ပါ...
ယခုဆွမ်လွတ်ရွယ်ကိုလဲ မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ အနေနဲ့ရော ခမရ (၃၂၁) တပ်ရင်းမှူးအထိ သွား၍ လွတ်ပေးဖို့ အသနားခံခဲ့ပြီး ဖြစ်ပါသည်။ နိုဝင်ဘာလ (၂)ရက်နေ့ လွတ်ပေးမည်၊ စုံစမ်းဦးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ အမှန်တကယ်တော့ မလွတ်ပေးခဲ့ပါ။ သူမအားမတွေ့ ရတော့သဖြင့် ကျမတို့ အလွန် စိတ်ပူပန်လျှက် ရှိပါတယ်။ ကျမတို့အနေနဲ့ ပြည်သူ့တပ်မတော်ဟာ နိုင်ငံတော်အစိုးရရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်လာစေရန် ဝိုင်းဝန်းကြိုပမ်း နေမှုအပေါ် ဖျက်ဆီးနေတဲ့ တပ်မတော် မဟုတ်ဘူးဆိုရင်တော့ဖြင့် အပြစ်မရှိတဲ့ ဒီအမျိုးသမီး၊ နို့စို့အရွယ် ကလေးမိခင်၊ အရပ်သူ၊ တိုင်းရင်းသူ တဦးအား အသက်ဘေးမထိခိုက်ဘဲ ပြန်လွတ်ပေးဖို့ မျှော်လင့်ပါတယ်။
သူမမှာ ဘာအပြစ်တွေရှိလို့ အခုထိ မလွတ်ပေးသေးသလည်း ဆိုတာလဲ သိချင်ပါတယ်။ သူမခင်ပွန်းကလည်း ကေအိုင်အေစစ်သား၊ ကချင်ပြည်သူ့စစ်လည်း မဟုတ်ပါဘူး။ သူမယောက္ခထီး ဦးမရူဇေဒေါင်ဆိုရင်လည်း ကေအိုင်အေစစ်သားလည်း မဟုတ်ပါဘူး။ မြန်မာ့တပ်မတော်သား စစ်မှုထမ်းဟောင်း တဦးသာ ဖြစ်ပါတယ်။ ယခင် မြန်မာ့တပ်မတော် စစ်မှုထမ်းဟောင်း တစ်ဦးရဲ့ မိသားစုဝင်တွေကို ကာကွယ်စောင့်ရှောက် ပေးစေလိုပါတယ်။ အခုလို ရက်ရက်စက်စက် လျစ်လျှူ မရှုသင့်ပါဘူး..။
သမီးလေးအား နိုဝင်ဘာလ(၄)ရက်နေ့က ရိုက်ထားတဲ့ ဓာတ်ပုံထည့်လိုက်ပါတယ်.။ မို့ဘွမ်စခန်းပုံနှင့် သူမမတ်တပ်ရပ် နေတဲ့ပုံလည်း ထည့်ပေးလိုက်ပါတယ်။ သူမအား စခန်းပေါ်မှ လှိုဏ်ခေါင်းအတွင်းသို့ စစ်သား(၄)ယောက် လာဆွဲသည့်ပုံမှာ ဘက်ထရီ အားကုန်သွားသဖြင့် မရိုက်လိုက်ရပါ။
မမိုင်းဂျာ
ဒေသခံအမျိုးသမီးတဦး
မို့ဘွမ်တပ်စခန်း အောက်ခြေရှိ ခိုင်ဗန်ကျေးရွာသားများ၏ တောင်ယာနှင့် ဆက်လျှက်လယ်တောများ
အစိုးရများ၊ နိုင်ငံရေးစနစ် နှင့် အိုက်ဒီယာများဟူသော် ဖြစ်ပျက်သဘောမျှသာ ဖြစ်ပြီး
မတရား ဖမ်းဆီးခေါ်ဆောင်ခံထားရသည့် နို့စို့အရွယ် ကလေးမိခင် ဒေါ်ဆွမ်လွတ်ရွယ်ဂျာ
ထပ်မံစုံစမ်းလိုပါက
(၁) မိုင်းဂျာ ၀၀၈၆ ၁၅၃၆၈၉၆၉၃၇၆
(၂) အားပရီ ၀၀၈၆ ၁၃၅၇၈၂၇၁၉၆၀
ဒီမိုဝေယံမှတဆင့်
အရင်သတင်းပြန်ဖတ်ချင်လျှင်
ရိုးသားဖြူစင်တဲ့ အပြစ်မဲ့ တိုင်းရင်းသား ပြည်သူမိသားစုတစ်စုရဲ့ ရင်နင့်ဘွယ် သတင်း အခြေအနေတွေပါ.. အဆိုပါဒေသက တပ်ရင်းမှူးနဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ သားသမီးချင်း၊ မိဘချင်း စာနာထောက်ထားပြီး ဖြေရှင်းဆောင်ရွက် ပေးဖို့ မေတ္တာရပ်ခံ တောင်းဆို အပ်ပါတယ်...။
(လူသားဖြစ်တည်မှု့  နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည် မိမိတို့ပိုင်ဆိုင်သော
ဥစ္စာများထက် များစွာ သာလွန်ပါသည်။
အစိုးရများ၊ နိုင်ငံရေးစနစ် နှင့် အိုက်ဒီယာများဟူသော် ဖြစ်ပျက်သဘောမျှသာ ဖြစ်ပြီး
လူသားဖြစ်တည်မှု့ သည်သာလျှင်သမိုင်း နောက်ဆုံးကျန်ရှိပါမည်)
ပိတောက်မောင်နှမများမသူတော်တရားဘေးနှင့်မသူတော်အများဘေးတို့ မှကင်းဝေးကြပါစေ
loversnow999@gmail.com
( လမင်းကြီးလောက်မလင်းနိုင်ပေမယ့် ကိုယ်ပိုင်အလင်းနဲ့ 
ထွန်းလင်းစေမဲ့ပိုးစုန်းကြူးလေး ပိတောက်မြေ )
You do all performance on everything is your morality.
အရာရာတိုင်းအပေါ် သင်ပြုမူဆောင်ရွက်ဆောင်သမျှကိစ္စ တိုင်းသည် သင့်၏ ကိုယ်ကျင့်တရားပင် ဖြစ်သည်။ (ပိတောက်မြေ BURMESE )
0 Tongkum :
Post a Comment