Mouse
Tuesday, October 02, 2012
 ရခိုင်ကျောင်းသားနှစ်ဦး - မောင်တောက ဒေါ်မသိန်း- မောင်လင်္ကျာထွန်းတို့ ကို လွှတ်ပေးပါ
ရခိုင်ကျောင်းသားနှစ်ဦး - မောင်တောက ဒေါ်မသိန်း- မောင်လင်္ကျာထွန်းတို့ ကို
လွှတ်ပေးပါလို့  ၀န်ကြီးဦးစိုးသိန်းကို တွေ့ ဆုံပွဲမှာ တင်ပြလိုက်ပြီ
ဒီလို တွေ့ ဆုံပွဲမှာ ၀န်ကြီးဦးစိုးသိန်းက ချစ်စရာလေးတွေ ပြောသွားပါတယ်။
အယင်က စစ်အစိုးရလက်ထက်တုံးကဆိုရင် ဘာမှ မီဒီယာတွေ လာမလုပ်နဲ့ တဲ့  ။
ခုတောင်မှ မီဒီယာတွေကို ၀န်ကြီးတွေက ကြောက်နေကြတယ်တဲ့  ။ ပြောရရင်
့လိုက်ရာမှာ မြစ်ဆုံတိုက်ပွဲ ကျပါလေရော တဲ့ ၊ ၀န်ကြီး ဦးစိုးသိန်းက
ပွင့်လင်းတယ်လို့  မြင်ပါတယ် ။ သူ့ ပြောတဲ့ စကားအရ ဆိုရင်
မြန်မာနိုင်ငံဟာ တိုးတက်ပြောင်းလဲသွားမှာ သေချာတယ်လို့ မြင်တယ်ဗျ ။
   တခုတော့ ရှိတယ်လေ။ သူပြောသလို လုပ်ရဲတဲ့ လူရှိမှ ။ ရခိုင်စကားနဲ့ 
ကျနော့်ကို ဓါတ်ပုံရိုက်တော့ လုပ်လိုက်သေးတယ်လေ ။ ကျနော်လဲ မေးတဲ
့အခါတုံးက ပြောပါတယ် ။ အယင်က ဆိုရင် ကျနော်တို့ ဟာ ရန်သူတွေဘဲ ။ တယောက်နဲ
့တယောက် မျက်နာချင်း မဆိုင်ကြဘူးလို့  ။ ခုတော့ ကျနော်တို့ လိုချင်တဲ့ 
အနေအထား တခုတော့ ခြေလှမ်းမြင်ရပါတယ် ။  ကျနော်ပြောချင်တာက ကျနော်တို့ ရဲ
့ ဖြစ်ချင်တာကို တထိုင်ထဲနဲ့  လုပ်လို့  မရဘူးဆိုတာ သိထားဖို့ လိုတယ် ။
    ဒါပေမဲ့  အလုံးစုံယုံကြည်လိုက်ဖို့  ပြောနေတာမဟုတ်သေးဘူးနော် ။
ကျနော်တို့  ထိတွေ့ ဆက်ဆံရမယ် ။ ယုံကြည်မှု တည်ဆောက်ရမယ် ။ ခုတော့
မဖြစ်သေးဘူးပေါ့ ။ တချိန်ကျ ဖြစ်လာရမှာပေါ့ ။ ကျနော်တို့ က -၂၀၀၈- ဖွဲ
့စည်းပုံကို မကြိုက်ဘူးလေ။ ဒါကိုတော့ အတိအလင်း ပြောထားရမှာပေါ့ ။
တကယ်လို့  -၂၀၁၅-မှာ စစ်ယူနီဖေါင်းဝတ်တွေကို လွှတ်တော်ထဲမှာ
မမြင်ရတော့ဘူးဆိုရင် ဒါဟာ တကယ်စစ်မှန်တဲ့  ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်တဲ
့ အစိုးရလို့  အသိအမှတ် ပြုရမဲ့  နည်းလမ်းတခုပေါ့ဗျာ ။ ခုတောင်
ကြည့်ပါလား ။ ၀န်ကြီးဦးစိုးသိန်းလဲ ဒီမိုကရေစီစနစ်ရဲ့  အနှစ်သာရကို
ပြောနေတာလေ။ သူ့ လို လူမျိုး ၀န်ကြီးတွေကို အမေရိကကို မကြာမကြာ
လွှတ်ပေးဖို့ လိုတယ် ။ ဒါပေမဲ့  သူ့ လို အပြောကောင်းတဲ့  ၀န်ကြီးဖြစ်မှ ။
   အပြောမကောင်းရင်လဲ သူ့ ကိုဘဲဆက်ခါဆက်ခါ နယူးယောက်ကို လာစေမှ ဖြစ်မှာလေ
။ နိုင်ငံရေးဆိုတာ စည်းရုံေးရးကောင်းမှနော် ။ လူရှေ့မှာ အသေကြီးလို
လာပြောနေလို့  ကတော့ မရဘူးပေါ့ ။ အာဝဖွန်းလဲရွှင်မှ - ဟာသလဲ ပြောတတ်မှ -
အိုဘာမားတို့  ရော်နေးတို့  မဲဆွယ်စည်းရုံးဟောပြောရာမှာ သီချင်းတွေ
ဆိုနေကြပါတယ်ဗျာ ။
    ကျနော်ကတော့ ကိုယ့်တာဝန် ကြေခဲ့ ပါတယ် ။
ရခိုင်ကျောင်းသားနှစ်ယောက်ကို လွှတ်ပေးဖို့  ။ ဆရာမ ဒေါ်မြရာဇါလင်းရဲ့ 
မောင်တောက ဒေါ်မသိန်းကို လွှတ်ပေးဖို့  ၊ ရန်ကုန်က သေဒဏ်ပေးထားတဲ့ 
မောင်လင်္ကျာထွန်းကို အသက်( ၈၅ ) နှစ်လောက် ရှိနေတဲ့  သူ့ အမေကိုယ်စား
လွှတ်ပေးဖို့  တောင်းဆိုခဲ့တာလေ။ မကြာမှီက ပြိးဆုံးသွားတဲ့ ရသေ့တောင် လူထု
ညီလာခံ-၁၈-ချက်ကို ဆောင်ရွက်ပေးဖို့ နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး-ကချင်ပြည်နယ် ငြိမ်းချမ်းရေးတို့ မှာ ပါ
ဝင်စေဖို့ - ပြီးတော့ သမ္မတရဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား
လူမျိုးထဲမှာ သမိုင်းလိမ်လူမျိုး မပါဘူးဆိုတာကို ဥပဒေအဖြစ် လွှတ်တော်ကပြ
ဋ္ဌန်း ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။
  ဒါဆိုရင် ကျနော် တာဝန် ကြေပါတယ် နော် ။။ ဘာကြောင့် တာဝန်ကြေပါတယ်လို့ 
ပြောသလဲဆိုရင် ထောင်ထဲက လူတွေ သူတို့  ကိုယ့်အိမ်ကို ပြန်ရောက်ကြမယ်လို့ 
ယုံကြည်ပြီးသားမို့ ပါ ။
အမှတ်တရ ဓါတ်ပုံရိုက်ထားတာ ကြည့်ပါအုံးလေ ။ မြန်မာသံအမတ်ကြီး ဦးသန်းဆွေ
၊ ၀န်ကြီးစိုးသိန်းနဲ့  ကျနော်တို့  သုံးဦး ရိုက်ထားတာတွေ ။ သမ္မတ
အကြံပေး ဦးလှမောင်ရွှေနဲ့  ဒေါက်တာကျော်ရင်လှိုင်တို့ နဲ့  တရင်းတနှီး
ရိုက်ထားကြတယ်လေ။ တခုတော့ ရှိတယ်ဗျ ။ မလွပ်မြောက်ခင် ကျနော့်ကို
ဆောင်းပါးတွေ မရေးပါနဲ့ အုံးလို့  ၀န်ကြီးဦးစိုးသိန်းကလဲ အတန်တန်မှာတယ်
။ ဒေါက်တာကျော်ရင်လှိုင်ကလဲ ပြောပါတယ် ။ ဒါပေမဲ့  ခုဟာက ဦးလှမောင်ရွှေရဲ
့ ဖေ့စ်ဘုတ်မှာ တင်ထားပြီဆိုတော့ ကျနော်လဲ ခုလို လူတွေကို
သတင်းပေးရတာပါဘဲ ။ မတတ်နိုင်ဘူးပေါ့ ။ ဒါပေမဲ့  ၀န်ကြီးဦးစိုးသိန်းရဲ့ 
အပြောနဲ့  အဟောကိုတော့ ယုံကြည်မိတယ်ဗျာ ။ ဒါကြောင့် သူတို့ တွေ
အမေ့အိမ်ကို မြန်မြန်ရောက်လာကြမယ်လို့  ထင်ပါကြောင်း ။
ခိုင်အောင်ကျော် ( နယူးယောက် )
">
0 Tongkum :
Post a Comment